(တားရော့ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)
ပြောနေကြအတိုင်း ပြောရရင်တော့ တားရော့ဟာ နက်နဲကျယ်ပြန့်လွန်းတာပါပဲ။ တားရော့နဲ့ ရှေ့ဖြစ်၊ နောက်ဖြစ်တွေ ဟောပြောလို့ ရတယ်။ တားရော့နဲ့ မွေးနေ့၊ မွေးဂဏန်းတွေ ချိတ်ဆက်လို့ ရတယ်။ တားရော့နဲ့ သမာဓိ ထူထောင်လို့ ရတယ်။ တားရော့နဲ့ ယတြာတွေ စီရင်လို့ရတယ်။ တားရော့နဲ့ လောကီအဆောင်တွေ ပြုလုပ်လို့ ရတယ်။ တားရော့နဲ့ လောကီကျင့်စဉ်တွေ ကျင့်ကြံလို့ ရတယ်။
ဆိုတော့…… တားရော့ပညာဟာ အံ့မခန်း ကျယ်ပြန့်လွန်းလှတယ် ဆိုရမှာပါ။
ဒီနေ့မှာတော့ တားရော့နဲ့ အချစ်ရေး အဆင်ပြေစေဖို့ ဘယ်လို ritual (အစီအရင်) မျိုး လုပ်လို့ရနိုင်မလဲ ဆိုတာ တင်ဆက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ပထမဆုံး အနေနဲ့ ညနေပိုင်းတစ်ခုမှာ တားရော့ မေဂျာဖဲချပ်တွေထဲက The Lovers ဖဲချပ်နဲ့ မိုင်နာဖဲချပ်တွေထဲက Two of Cups ဖဲချပ်ကို မိမိရဲ့ကုတင်အိပ်ရာဘေးက Bedside Table လေးပေါ် တင်ထားပါမယ်။ ပြီးရင် The Lovers ဖဲချပ်ဘေးမှာ ဖယောင်းတိုင် အနီရောင်တစ်ချောင်း၊ Two of Cups ဖဲချပ်ဘေးမှာ ဖယောင်းတိုင် ပန်းရောင်တစ်ချောင်း ထွန်းညှိပါမယ်။
ဖယောင်းတိုင်မီး ထွန်းပြီးရင်တော့ မိမိရဲ့ စိတ်ကူးထဲမှာ ချစ်သူ (လိုချင်တဲ့ ဖူးစာရှင်ပုံစံ) ကို ပုံဖော်ကြည့်ပြီး မိမိနဲ့ အချစ်ရေး အဆင်ပြေနေပြီဆိုပြီး ငါးမိနစ်ခန့် မြင်ယောင်ကြည့်ရပါမယ်။ ငါးမိနစ် ပြည့်ရင်တော့ ဖယောင်းတိုင် မီးများကို မှုတ်လိုက်ပြီး တားရော့ဖဲချပ်များကို “ကျေးဇူးပါပဲ” သို့မဟုတ် “ကျေးဇူးတင်ပါတယ်” လို့ ပြောပေးရမှာ ဖြစ်ပါတယ်။
ဒီ အစီအရင်ဟာ လွယ်လည်း လွယ်ကူသလို မိမိရဲ့ အချစ်ရေး အဆင်မပြေမချင်း ရံဖန်ရံခါ ပြုလုပ်လို့ ရပါတယ်။ အဲ့ဒီ အသုံးပြုပြီးသား ဖယောင်းတိုင်တွေနဲ့ပဲ နောက်နေ့များမှာ ထပ်မံ ပြုလုပ်နိုင်ပါတယ်။ ဖယောင်းတိုင်အဟောင်း မီးစာ ကုန်သွားမှ နောက်ထပ် ဖယောင်းတိုင် အသစ် ထွန်းညှိလုပ်လို့ ရပါတယ်။
အခြား ritual တွေ အကြောင်းကိုလည်း အလျဉ်းသင့်ရင် သင့်သလို တင်ဆက်ပေးသွားမှာမို့ ဒီ Golden Words Tarot ပေ့ချ်လေးကို Like and Share လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။
Disclaimer
++ ++ ++





















