ဒီပို့စ်လေးမှာတော့ တားရော့ဖဲချပ်လေးတွေကို အသုံးပြုနေရာက ဘယ်အချိန်မှာ အနားပေးလိုက်သင့်လဲ ဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
(တားရော့ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)
ပုံမှန်အားဖြင့်တော့ တားရော့ဖဲချပ်တွေဟာ မပျက်မစီး၊ မပျောက်မရှ မချင်း အသုံးပြုလို့ ရပါတယ်။ သို့သော် မိမိရဲ့ တားရော့ဖဲချပ်တွေကို အနားပေးလိုက်ရတော့မလား ဆိုတာကို အောက်ပါအချက်များနဲ့ ချိန်ညှိကြည့်ရင် သိနိုင်ပါတယ်နော်။
- ဖဲချပ်များ ဟောင်းနွမ်းလာပြီး အနားသတ်များ တွန့်လိမ်လာခြင်း၊
- ရေဖြင့် သန့်စင်ရာမှ ဖဲချပ်များ ဆေးသား ပါးလျလာပြီး ကျောဘက်မှ ထုတ်ချင်းပေါက် မြင်လာရခြင်း၊
- ရေမွှေးများ အမြဲတစေ ဖြန်းပက်သဖြင့် ဖဲချပ်များ တစ်ချပ်နှင့် တစ်ချပ် ကပ်နေတတ်ပြီး ကုလားဖန်ထိုးရာတွင် မနှံ့စပ်တော့ခြင်း၊ သို့မဟုတ် ဆွဲယူလိုက်သည့် ဖဲချပ် အရေအတွက်ထက် ပိုပို ကျလာတတ်ခြင်း။
ကဲ၊ ဒီအချက်တွေထဲက တစ်ချက်ချက်နဲ့ ကိုက်ညီနေရင်တော့ မိမိတို့ရဲ့ ဖဲချပ်တွေကို အနားပေးလိုက်ပါတော့။ ဘာဖြစ်လို့လဲ ဆိုတော့ တားရော့ဖဲချပ်တွေရဲ့ အရည်အသွေးကြောင့် (ကုလားဖန်ထိုးရာတွင်လည်း မနှံစပ်၊ ဖဲချပ်များကို ချိုးယူရာတွင်လည်း တစ်ချပ်နှင့် တစ်ချပ် ကပ်ပါလာတတ်ပြီး) တားရော့ဟောချက်ကိုပါ ထိခိုက်လာနိုင်လို့ ဖြစ်ပါတယ်။
မိမိ အသုံးပြုနေကျ ဖဲချပ်များကို သံယောဇဉ် ပိုတတ်တာ ထုံးစံပင်မယ့်လို့ စာရေးသူရဲ့ ပထမဆုံး တားရော့ deck ဟာ အသုံးပြုလာတာ (၁၀) နှစ် ကျော်လာပြီးနောက် အထက်ပါ အချက် ၃ ချက်လုံးနဲ့ ကိုက်ညီနေပါပြီ။ ဒီ့အတွက် အဲ့ဒီ deck ကို အနားပေးလိုက်ပြီး အခြား deck များနဲ့ ရင်းနှီးဆက်သွယ်မှု ပြန်လည် တည်ဆောက်ရတော့မှာပါ။
သင်ခန်းစာ ရသွားတာကတော့ မိမိရဲ့ ဖဲချပ်တွေကို ရေရှည် အသုံးပြုချင်ရင်တော့ ရေ၊မီး တို့နဲ့ သန့်စင်တာရယ်၊ ရေမွှေးဖြန်းပေးတာရယ်ကို ဆင်ခြင်ပေးဖို့ပါပဲ။ 😂 (စာရေးသူက ဖဲချပ်တွေကို ခင်းလိုက်တိုင်း ရေမွှေးဖြန်းတတ်တဲ့ အကျင့် ရှိပါတယ်။)
ဒါဆိုရင် အဲ့ဒီ ဖဲချပ် အဟောင်းတွေကို ပစ်လိုက်ရမလား မေးရင်တော့ ဟင့်အင်းပါ။ အဲ့ဒီ တားရော့ဖဲချပ်တွေနဲ့ အသစ်ဖဲချပ်တွေကို တူတူ ထားပေးလို့ ရပါတယ်။ ဖဲချပ် deck အဟောင်းမှာ energy တွေ ပြည့်ဝနေပြီးသားမို့ အသစ်ဖဲချပ်တွေဆီ အဲ့ဒီ energy ရောက်ရှိအောင် တူတူ ထားပေးပါ။
ဒီနေရာမှာ တားရော့က မဟောင်းနွမ်းသေး၊ မပျက်စီးသေးပင်မယ့်လို့ တားရော့နဲ့ ကိုယ့်ရဲ့ စည်းချက် ပျောက်ဆုံးနေတယ်၊ ကပေါက်တိ ကပေါက်ချာ ဟောချက်တွေ ထွက်နေတယ် ဆိုတဲ့ သူတွေအတွက်ကတော့ ဖဲချပ် အသစ် ဝယ်ယူဖို့ မလိုအပ်ပါဘူး။ တားရော့ဖဲချပ်တွေကို သေသေချာချာ သန့်စင်ပေးလိုက်ရင် အဆင်ပြေမှာပါ။
တားရော့ဖဲချပ်များကို သန့်စင်နည်း အမျိုးမျိုး ရှိတဲ့အနက် မိမိနဲ့ အဆင်ပြေမယ့် နည်းကို အသုံးပြုနိုင်ပါတယ်။ သန့်စင်နည်း အချို့ကို Golden Words Tarot က တင်ဆက်ပေးပြီးပါပြီ။ အောက်ပါ လင့်ခ်တွင် ရှုပါ။
https://www.facebook.com/pg/GoldenWordsTarot/photos/?tab=album&album_id=659652181483670
အားလုံးပဲ တားရော့ကို လေ့လာတဲ့အခါ လိုရာ ခရီးပေါက်နိုင်ကြပါစေ။
Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:
Post a Comment