Sunday, July 19, 2020

Knight of Wands (Upright)

(ဒီ Album ပို့စ်တွေဟာ Minor Arcana တားရော့ဖဲချပ်တွေ အကြောင်းကို အခုမှ စတင် လေ့လာမယ့်သူတွေအတွက် ရည်ရွယ်ပြီး အခြေခံကျကျ ရေးသားထားတာမို့ Minor Arcana တားရော့ဖဲချပ်တွေကို အသုံးမပြုသူများ ကျော်သွားလိုက်ပါနော်။ ဒါ့အပြင် တားရော့ပညာကို မယုံကြည်သူများ အနေနဲ့လည်း ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

++++++++ ++++++++ ++++++++

ကျိုင်းကိုင်ထားတဲ့ မြင်းစီးသူရဲကောင်း ဖဲချပ်ဟာ ခရီးထွက်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ ညွှန်းနေပါတယ်။ ကုန်ခမ်းသွားတဲ့ အားအင်တွေနဲ့ ရင်ဆိုင်ရမယ့် အရာတွေအတွက် ခရီးတစ်ခုလောက်တော့ သွားသင့်နေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိနဲ့သာ ရှေ့ဆက်သွားရင် ကိုယ်လိုရာ ပန်းတိုင်ရောက်မှာ မလွဲမသွေပါ။

ယေဘုယျ အဟော
တားရော့ရဲ့ Wands ဖဲချပ်တွေမှာ သူရဲကောင်းဟာ သတင်းစကားကို သယ်ဆောင်လာသူ ဖြစ်တဲ့အတွက် အလုပ်ကိစ္စနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ career လမ်းကြောင်းနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် သတင်းကောင်း ကြားရတတ်ပါတယ်။ ကိုယ်ရဲ့ လုပ်ငန်းဆောင်တာ ပရောဂျက်များဟာလည်း မျှော်မှန်းထားတာထက်ကို အောင်မြင်နိုင်ပါတယ်။ ဂုဏ်ယူစရာ သတင်းကောင်းတွေနဲ့ ပျော်ရွှင်ရမှုတွေကို ဖော်ပြနေတဲ့ ဖဲချပ်ပါ။

အလုပ်အကိုင်
အလုပ်ကိစ္စနဲ့ ခရီးသွားရဖို့ ကြုံလာတတ်ပါတယ်။ သွားသာသွားပါ။ သွားရတဲ့ ခရီးအတွက်လည်း ပျော်ရွှင်ရမယ်။ အလုပ်နဲ့ ပတ်သတ်တဲ့ သတင်းကောင်းတွေလည်း ကြားရမယ်။ ဘာလိုသေးလဲ။ တကယ်လို့ မိမိဟာ အလုပ်အင်တာဗျူး ဖြေထားလို့ result စောင့်နေတာ ဆိုရင်တော့ အဲ့ဒီအလုပ် ရဖို့ များပါတယ်နော်။ ရခဲ့ရင်လည်း မိမိနဲ့ ကိုက်ညီကောင်းမွန်တဲ့ အလုပ် ဖြစ်မှာပါ။

အချစ်ရေး
အချစ်ကို ရှာဖွေနေသူများအတွက်ကတော့ အလုပ်နဲ့ ဆက်နွယ်ပြီး အချစ်နဲ့ တွေ့တတ်ပါတယ်။ ရည်ရွယ်ထားသူ ရှိတယ်၊ အိမ်ထောင်ဖက် ရှိတယ် ဆိုသူများကတော့ ကိုယ့် partner နဲ့ တတ်နိုင်သလောက် စကားများများ ပြောပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောကြလေ၊ သွေးအေးလေ ဖြစ်မှာ စိုးလို့ပါ။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြည်ရင်းနှီးမှုဆိုတာ ကိုယ့်ခံစားချက် သူ့ခံစားချက် ပြောပြမှ တည်ဆောက်နိုင်တာပါ။ တစ်ယောက်စိတ်ထဲ ဘာရှိလဲ မပြောပြဘဲ နောက်တစ်ယောက်က မသိနိုင်ပါဘူးနော်။

ငွေရေးကြေးရေး
ငွေကတော့ အဝင်လမ်းချည်း တွေ့နေရပါတယ်။ သို့သော်လည်း မိမိအတွက် ကျန်အောင် အနည်းငယ်လောက်တော့ စုဖို့ ကြိုးစားပါ။ မလိုအပ်တဲ့ အသုံးစရိတ်တွေ လျှော့ချပါ။

ကျန်းမာရေး
ကျန်းမာရေးနဲ့ ပတ်သက်လို့ ထူးထူးခြားခြား မရှိပေမယ့်လို့ အားကစား/Gym လုပ်ရာမှာ သတိပြုပေးပါ။ Knight of Wands ဟာ ခြေချင်းဝတ် လည်ထွက်သွားတာမျိုးနဲ့ သေးသေးမွှားမွှား ထိခိုက်ရှနာတွေ ဖြစ်တတ်တာမို့ပါ။ တကယ်လို့ ထိခိုက်ဒဏ်ရာ ရပြီးတဲ့ သူ ဆိုရင်တော့ သတိလေးနဲ့ နေပေးပါနော်။ ဒဏ်ရာကို ဆွသလိုဖြစ်တတ်ပြီး အရင်ထက် ပိုဆိုးမှာ စိုးလို့ပါ။ ဖြည်းဖြည်းချင်း ပြန်ကောင်းဖို့သာ အားယူပါ။

--
ဒါကတော့ Knight of Wands (Upright) ရဲ့ ဟောချက် အနက်အဓိပ္ပါယ် အကျဉ်းလေးပါ။ နောက်ပို့စ်မှာတော့ Knight of Wands (Reversed) အကြောင်း တင်ဆက်ပေးသွားမှာပါနော်။ Golden Words Tarot ပေ့ချ်လေးကို like and share လုပ်ထားပေးဖို့ မမေ့ပါနဲ့နော်။
Minor Arcana ဖဲချပ်များအကြောင်း တစုတစည်းတည်း ဖတ်ရှုရန်
(https://www.facebook.com/pg/GoldenWordsTarot/photos/?tab=album&album_id=655250785257143&__tn__=-UC-R) ပုံတစ်ပုံချင်းစီ နှိပ်ပြီး ဖတ်ပါ။

Golden Words Tarot မှ တင်ဆက်ပြီး ပို့စ်များကို ရှာဖွေရန် မာတိကာ (https://www.facebook.com/GoldenWordsTarot/posts/286680298780862) တွင် ရှုပါ။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:

Post a Comment