Sunday, July 19, 2020

တားရော့ ဖဲချပ်များအား သန့်စင်နည်း (မီး၊ ရေ၊ လေ၊ မြေ ဓာတ်ကြီးလေးပါးဖြင့် သန့်စင်ခြင်း)

(ဒီပို့စ်ဟာ တားရော့ပညာကို လေ့လာလိုက်စားနေသူများအတွက်သာ ရည်ရွယ် ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တားရော့ ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

တားရော့တွေဟာ ဓာတ်ကြီးလေးပါးကို ကိုယ်စားပြုတယ်လို့ သိခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။ အကြမ်းဖျင်း မှတ်ရလွယ်ကူအောင် ပြောရရင်
🔥 The Wands (တုတ်) = မီးဓာတ် = တေဇောဓာတ်
💦 The Cups (ခွက်) = ရေဓာတ် = အာပေါဓာတ်
🌪 The Swords (ဓား) = လေဓာတ် = ဝါယောဓာတ်
🏜 The Pentacles (ကြယ်ဒင်္ဂါး) = မြေဓာတ် = ပထဝီဓာတ်

ဆိုတော့.… တားရော့တွေရဲ့ ဓာတ်သဘော ကို ဆောင်တဲ့ ဓာတ်ကြီးလေးပါး ဖြစ်တဲ့ မီး၊ ရေ၊ လေ၊ မြေ ဓာတ် တွေကို အသုံးပြုပြီး တားရော့တွေကို သန့်စင်ပေးလို့ ရပါတယ်။ သန့်စင်နည်း တစ်ခု စီကို ကြည့်လိုက်ရအောင်နော်။

*** မီးဓာတ်ဖြင့် သန့်စင်ခြင်း ***
ဖယောင်းတိုင် တစ်တိုင် ထွန်းညှိပြီး တားရော့ဖဲချပ်အားလုံးကို တစ်ခါတည်း ဖယောင်းတိုင် မီးကနေ ဖြတ်ရုံပါ။ လွယ်တယ်၊ ရိုးရှင်းတယ်။ သို့သော် မတော်ရင် ဖဲချပ်တွေ ပျက်စီးနိုင်တဲ့ အတွက် ပေါ့ဆလို့တော့ မရပါဘူးနော်။

*** ရေဓာတ်ဖြင့် သန့်စင်ခြင်း ***
ဖဲချပ်တွေကို ရေသန့် သို့မဟုတ် Spring Water နဲ့ Spray ဖြန်းသလို ဖြန်းပေးရုံပါပဲ။ ရေမများဖို့တော့ ဂရုစိုက်ပေးပါနော်။ ရေများရင် ဖဲချပ်တွေ ပျက်စီးနိုင်တဲ့ အတွက် စတိ သဘောလောက်ပဲ ဖြန်းပေးပါနော်။

*** လေဓာတ်ဖြင့် သန့်စင်ခြင်း ***
မြန်မာနိုင်ငံမှာတော့ အမွှေးတိုင်တွေက သုံးရလွယ်တာမို့ အမွှေးတိုင်က ရနံတွေနဲ့ တားရော့ဆီ တစ်ချက် နှစ်ချက် ဝှေ့ယမ်းပေးရုံပါပဲ။ အနောက် နိုင်ငံတွေကတော့ မွှေးကြိုင်တဲ့ အရွက်၊ ပန်း၊ နံ့သာတွေကို မီးမြှိက်ပြီး တားရော့တွေကို သန့်စင်ပေးလေ့ ရှိပါတယ်။ နောက်ထပ် နည်းတစ်ခုကတော့ လေဝင်လေထွက် ကောင်းတဲ့ ပြတင်းပေါက်နား တားရော့တွေကို ထားပေးတာပါ။

*** မြေဓာတ်ဖြင့် သန့်စင်ခြင်း ***
ဖဲချပ်တွေကို ၂၄ နာရီပတ်လုံး သဲထဲ မြှပ်ထားပေးရမှာပါ။ စိုးရိမ်စိတ်များတဲ့ (သို့မဟုတ်) စိတ်ဓာတ်ခွန်အား လျော့နည်းတဲ့ မေးမြန်းသူတွေကို ဟောကြားပေးပြီးရင် ဒီနည်းလမ်းနဲ့ သန့်စင်တာက အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။

တားရော့ ဖဲချပ်တွေကို ဓာတ်ကြီးလေးပါး နဲ့ သန့်စင်နည်းတွေကို သိကြပြီဆိုတော့ အဆင်ပြေလို့ လေးမျိုးစလုံးနဲ့ သန့်စင်နိုင်သလို မိမိနဲ့ အလျဉ်းသင့် အဆင်ပြေမယ့် နည်း တစ်ခုနဲ့ပဲ သီးသန့် သန့်စင်လို့ ရပါတယ်နော်။ အခြားနည်းလမ်းတွေနဲ့ တားရော့ဖဲချပ်တွေကို သန့်စင်ချင်တယ် ဆို ရင်တော့ Golden Words Tarot ပေ့ချ်လေးထဲကို ဝင်ကြည့်ပြီး နည်းလမ်းလေးတွေ လေ့လာလို့ ရပါတယ်လို့ ဖိတ်ခေါ်ပါရစေ။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:

Post a Comment