Sunday, July 19, 2020

တားရော့ ဖဲချပ်များအား သန့်စင်နည်း (လ ရောင် ဖြင့် သန့်စင်ခြင်း)

(ဒီပို့စ်ဟာ တားရော့ပညာကို လေ့လာလိုက်စားနေသူများအတွက်သာ ရည်ရွယ် ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တားရော့ ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

တားရော့ ဖဲချပ်များကို ကုလားဖန်ထိုး သန့်စင်ခြင်းအပြင် နောက်ထပ် လွယ်ကူ ရိုးရှင်းတဲ့ သန့်စင်နည်း တစ်ခု ရှိပါသေးတယ်။

*** လ ရောင်ဖြင့် သန့်စင်ခြင်း ***

တားရော့ဖဲချပ်များကို စွမ်းအင်ဖြည့်တင်းပေးနိုင်ဖို့ အကောင်းဆုံး Source တစ်ခုကတော့ လပြည့်ညရဲ့ ဝိုင်းဝိုင်းစက်စက် လမင်းကြီး ဖြစ်ပါတယ်။

လပြည့်ညတွေမှာ တားရော့ဖဲချပ်တွေကို လရောင် တိုက်ရိုက် ကျရောက်နိုင်မယ့် ပြတင်းပေါက်နား သို့မဟုတ် ဝရန်တာလိုမျိုးမှာ ဖြန့်ခင်းပြီး လမင်းရဲ့ စွမ်းအင်တွေကို ရယူနိုင်ပါတယ်။ ဒါမှမဟုတ်လည်း အိမ်အပြင်ဘက် သို့မဟုတ် ခြံထဲ လရောင် ရမယ့် နေရာမှာထားပြီး လမင်းရဲ့ စွမ်းအင်တွေကို ခံယူနိုင်ပါတယ်။

တစ်ခု သတိပြုရမှာကတော့ မိုးရွာပြီး ဖဲချပ်လေးတွေ ပျက်စီးမှာ နဲ့ လေတိုက်ပြီး ဖဲချပ်တွေ လွင့်သွားနိုင်တာပါပဲ။ အဲ့တော့ လုံခြုံ စိတ်ချရပြီး လရောင် တိုက်ရိုက် ကျရောက်မယ့် နေရာလေးကိုတော့ သတိထား ရှာဖွေစေချင်ပါတယ်။

တားရော့ဆရာ တော်တော်များများကတော့ လပြည့်ညမျိုးတွေမှာ တားရော့ အစီအရင်တွေ ပြုလုပ်လေ့ရှိသလို တားရော့ Spell တွေ ရွတ်ပြီး တားရော့ကို သန့်စင်ပေးလေ့ရှိပါတယ်။

တားရော့ဖဲချပ်တွေတင်မက ရူနေး (Rune) သင်္ကေတ ရေးဆွဲထားတဲ့ ဖဲချပ် (သို့မဟုတ်) အဆောင်များ အတွက်လည်း ဒီနည်းလမ်းနဲ့ သန့်စင်လို့ ရပါတယ်။

ကဲ…. ဒါဆိုရင်တော့ ခုလာမယ့် လပြည့်ညမှာ မိမိတို့ရဲ့ တားရော့ ဖဲချပ်လေးကို သန့်စင်ပြီး သိဒ္ဓိတင်ကြရအောင်ပါနော်။

အရင်ပို့စ်တွေမှာ ပြောခဲ့သလို တားရော့ဟာ အသက်ရှိတဲ့ ဖဲချပ်တွေ ဖြစ်တဲ့အတွက် တားရော့အပေါ် ကိုယ်က သစ္စာရှိပြီး ဂရုစိုက်ရင် တားရော့ကလည်း ကိုယ့်အပေါ် ပြန်ဂရုစိုက် သစ္စာရှိပါတယ်။ ဒါကြောင့်မို့ ဖဲချပ်တွေကို အမြဲတစေ ဂရုစိုက်နေဖို့ တိုက်တွန်းချင်ပါတယ်။

တားရော့ဖဲချပ်တွေကို အခြားဘယ်နည်းတွေနဲ့ သန့်စင်လို့ရသေးတယ် ဆိုတာကို နောက်လာမယ့် ပို့စ်များမှာ တစ်ခုချင်း ရှင်းပြသွားမှာ ဖြစ်တဲ့အတွက် ဒီ Golden Words Tarot ပေ့ချ်လေးကို like and follow လုပ်ထားပေးပါနော်။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:

Post a Comment