(ဒီ Album ပို့စ်တွေဟာ Minor Arcana တားရော့ဖဲချပ်တွေ အကြောင်းကို အခုမှ စတင် လေ့လာမယ့်သူတွေအတွက် ရည်ရွယ်ပြီး အခြေခံကျကျ ရေးသားထားတာမို့ Minor Arcana တားရော့ဖဲချပ်တွေကို အသုံးမပြုသူများ ကျော်သွားလိုက်ပါနော်။ ဒါ့အပြင် တားရော့ပညာကို မယုံကြည်သူများ အနေနဲ့လည်း ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)
++++++++ ++++++++ ++++++++
Knight of Wands ပြောင်းပြန် (Reversed) ဟာ တစ်ခါတရံမှာ အခက်အခဲနဲ့ နှောင့်နှေးကြန့်ကြာမှုတွေကို ဖော်ညွှန်း နေပေမယ့်လို့ ကောင်းသောလက္ခဏာ ဆောင်တဲ့ ဖဲချပ်တစ်ချပ်ပဲ ဖြစ်ပါတယ်။ အားအင်အပြည့်နဲ့ တက်ကြွလျက်ရှိပြီး ဖြူစင်တဲ့ နှလုံးသား နဲ့ မိမိကို အားပေးတတ်တဲ့ အမျိုးသားတစ်ယောက် ဖြစ်ပြီး ယုံကြည်လို့ ရတဲ့သူပါ။
ယေဘုယျ အဟော
တားရော့မှာ မြင်းစီးသူရဲကောင်း ဖဲချပ်တွေဟာ အတည့်ပဲ ဖြစ်ဖြစ်၊ ပြောင်းပြန်ပဲ ဖြစ်ဖြစ် သတင်းစကားတစ်ခု ကြားရတော့မယ့် အဓိပ္ပါယ်ပါ။ Knight of Wands (Reversed) ထွက်ပေါ်လာရင်တော့ မျှော်လင့်နေတဲ့ အကြောင်းအရာဟာ နှောင့်နေးနေပြီး စောင့်ရမယ် ဆိုတဲ့ သတင်းစကားသာ ကြားရတတ်ပါတယ်။ အဲ့လိုဆိုရင်တော့ စိတ်ရှည်လက်ရှည် ထားပြီး စောင့်ရဖွယ်သာ ရှိပါတယ်။
အလုပ်အကိုင်
အလုပ်မှာ အနှောင့်အယှက်တွေ ကြုံရတတ်ပါတယ်။ မိမိ စိတ်ဝင်စားတဲ့ လုပ်ငန်း၊ ပရောဂျက်တွေ လုပ်ဖို့ အားခဲထားရကနေ အရည်မရ အဖတ်မရ မီတင်တွေ၊ training တွေနဲ့ပဲ အချိန်ကုန်နေရတတ်ပါတယ်။ ဒါမှမဟုတ်လည်း မိမိ အလုပ်ရုံးခန်းတည်ရှိရာ အဆောက်အဦး ပိတ်ထားခံထိတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ဖြစ်သမျှ အကြောင်း အကောင်းချည်းသာ မှတ်ပါ။ မိမိဟာ အလုပ်ရှာနေတဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ အလုပ်ခန့်၊မခန့် အကြောင်းပြန်ဖို့က နှောင့်နှေး ကြန့်ကြာနေပါလိမ့်မယ်။ စိုးရိမ်စိတ်ပူနေလည်း မထူးတာမို့ စိတ်အေးအေးနဲ့သာ စောင့်ပါတော့။
အချစ်ရေး
အချစ်ရေးမှာ စိတ်ရှုပ်ရမယ့် အကြောင်းအရာတွေ ပေါ်လာတတ်ပြီး မကြာခဏ ငြင်းခုန်ရန်သတ်နေရတတ်ပါတယ်။ အဲ့ဒါဆိုရင်တော့ ပြသနာအရင်းအမြစ်ကို ရှာရပါလိမ့်မယ်။ မဟုတ်တာလေးနဲ့ ရန်ဖြစ်စိတ်ကောက်နေကြတယ်လို့ ထင်ရပေမယ့်လည်း အဲ့ဒီ ဘာမဟုတ်တာလေးက အပေါ်ယံ သက်သက်ဖြစ်ပြီး နောက်ကွယ်က တကယ့် အကြောင်းအရာကိုသာ ကျေလည်အောင် ဖြေရှင်းရမှာပါ။ အချစ်စစ်ကို ရှာဖွေနေတဲ့ လူလွတ်တွေအတွက်ကတော့ ဖူးစာရှင်နဲ့ ဆုံရပြီသာ မှတ်ပါနော်။ အချစ်ရေးနဲ့ ပတ်သက်ပြီး အလောတကြီး (မွှန်ပြီး) ဆုံးဖြတ်ချက်တွေ ချမိတတ်ပါတယ်။ သတိပြုပါ။
ငွေရေးကြေးရေး
ငွေနဲ့ ပတ်သက်ပြီး အယုံမလွယ်ဖို့နဲ့ ရှိတာ မအောလိုက်ဖို့ သတိထားရပါမယ်။ ငွေကြေးနဲ့ ပတ်သတ်ပြီး အယုံမလွယ်ဖို့ လိုသလို လောင်းကစားကို (လုံးဝ) လုံးဝ ရှောင်ရှားဖို့ အစဉ် သတိရှိပါ။
ကျန်းမာရေး
အားကစား အပြင်းအထန် လုပ်တာမျိုး ရှောင်ကျဉ်ရပါမယ်။ ဆေးတွေကိုလည်း အလွယ် ကိုယ့်သဘောနဲ့ ကိုယ် လုံးဝ မသောက်သင့်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးသာ သောက်ပါ။ ကုန်ကုန်ပြောရရင် လေ့ကျင့်ခန်းလုပ်တာ၊ Diet လုပ်တာ အပြင် supplement တစ်မျိုးမျိုး သောက်တာက အစ ဆရာဝန်နဲ့သာ တိုင်ပင်ပါ။ ကျန်းမာရေးသတိ ပိုတယ် မရှိပါ။
--
ဒါကတော့ Knight of Wands (Reversed) ရဲ့ ဟောချက် အနက်အဓိပ္ပါယ် အကျဉ်းလေးပါ။ နောက်ပို့စ်မှာတော့ Page of Wands (Upright) အကြောင်း တင်ဆက်ပေးသွားမှာမို့ Golden Words Tarot ပေ့ချ်လေးကို like and share လုပ်ထားပေးဖို့ မမေ့ပါနဲ့နော်။
Minor Arcana ဖဲချပ်များအကြောင်း တစုတစည်းတည်း ဖတ်ရှုရန်
(https://www.facebook.com/pg/GoldenWordsTarot/photos/?tab=album&album_id=655250785257143&__tn__=-UC-R) ပုံတစ်ပုံချင်းစီ နှိပ်ပြီး ဖတ်ပါ။
Golden Words Tarot မှ တင်ဆက်ပြီး ပို့စ်များကို ရှာဖွေရန် မာတိကာ (https://www.facebook.com/GoldenWordsTarot/posts/286680298780862) တွင် ရှုပါ။
Disclaimer
++ ++ ++

No comments:
Post a Comment