Sunday, July 19, 2020

Queen of Wands (Upright)

(ဒီ Album ပို့စ်တွေဟာ Minor Arcana တားရော့ဖဲချပ်တွေ အကြောင်းကို အခုမှ စတင် လေ့လာမယ့်သူတွေအတွက် ရည်ရွယ်ပြီး အခြေခံကျကျ ရေးသားထားတာမို့ Minor Arcana တားရော့ဖဲချပ်တွေကို အသုံးမပြုသူများ ကျော်သွားလိုက်ပါနော်။ ဒါ့အပြင် တားရော့ပညာကို မယုံကြည်သူများ အနေနဲ့လည်း ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

++++++++ ++++++++ ++++++++

Queen of Wands ဖဲချပ်ဟာ မျိုးအောင်မှုနဲ့ အမဓာတ်တွေကို ကိုယ်စားပြုတဲ့ ဖဲချပ် ဖြစ်ပါတယ်။ အခြား တော်ဝင် (ဘုရင်၊ ဘုရင်မ၊ သူရဲကောင်းနဲ့ မင်းလုလင်) ဖဲချပ်တွေလိုပဲ ဒီဖဲချပ်ဟာ မိမိ ဘဝနဲ့ ဆက်နွှယ်နေတဲ့ အရေးပါတဲ့ အမျိုးသမီး တစ်ယောက် အကြောင်း ညွှန်ပြနေပါတယ်။

Queen of Wands ဖဲချပ်ဟာ ကောင်းသော စွမ်းအားတွေနဲ့ အပေါင်းလက္ခဏာ ဆောင်တဲ့ အရာတွေ ရရှိဖို့ ရှေ့ပြေးနိမိတ်လို့ ဆိုရမှာပါ။

ယေဘုယျ အဟော
လုပ်ငန်းဆောင်တာများ ပြီးမြောက်ခြင်း၊ အလုပ်အကိုင်နဲ့ career လမ်းကြောင်းအပေါ် အာရုံစိုက်ခြင်း တွေဟာ ဒီဖဲချပ် က ပြောပြနေတဲ့ အကြောင်းအရာများ ဖြစ်ပါတယ်။ The Queen of Wands ဟာ အနည်းငယ် ကိုယ့်ဘို့ပဲ ကိုယ်ကြည့်တဲ့ တစ်ကိုယ်ကောင်းသမားလို့ ဆိုနိုင်ပေမယ့်လည်း မိမိဘဝတစ်လျှောက်လုံး မိမိဘက်မှာပဲ နေမယ့် သူငယ်ချင်းကောင်းတစ်ယောက်ကို ဖော်ညွှန်း နေပါတယ်။ အကယ်လို့ မိမိဟာ သားသမီးယူဖို့ ပြင်ဆင်နေတယ် ဆိုရင်တော့ ဒီဖဲချပ်ဟာ ကျိန်းသေ သားသမီးရမယ့် ကိုယ်ဝန်နိမိတ်ပါ။

အလုပ်အကိုင်
လုပ်ငန်းကိုင်ငန်းအကြောင်း မေးမြန်းခဲ့လို့ ဒီ Queen of Wands ဖဲချပ် ကျလာခဲ့ရင်တော့ အချိန်တိုအတွင်း အောင်မြင်မှုများစွာ ရယူနိုင်မယ်လို့ ပြောရမှာပါ။ အလုပ်ရှာဖွေနေသူ တစ်ယောက်ဆိုရင်တော့ ဆံပင်ကို အရောင်ဆိုးထားတဲ့ (ဆံသားက နက်မနေတဲ့) အမျိုးသမီးတစ်ယောက်ယောက်က အလုပ်အကိုင်ရဖို့ ကူညီပေးပါလိမ့်မယ်။ အရာအားလုံးဟာ ပရော်ဖက်ရှင်နယ်ဆန်ဆန်ပဲ အဆင်ပြေနေပါလိမ့်မယ်။

အချစ်ရေး
အချစ်ရေးကလည်း ကံမခေပါဘူးနော်။ အချစ်စစ်ကို ရှာဖွေနေတယ်ဆိုရင်တော့ ဆံပင်အရောင်ဆိုးထားတဲ့ (ဆံသား နက်မနေတဲ့) အသိမိတ်ဆွေ တစ်ဦးဦးရဲ့ ဆက်သွယ်ပေးမှု၊ အကူအညီပေးမှုနဲ့ အချစ်သစ်ကို တွေ့ပါလိမ့်မယ်။ အခုလောလောဆယ်မှာ စိတ်နဲ့ လူနဲ့ မကပ် ဖြစ်နေရင်တော့ ကိုယ့်ဟာကိုယ် ယုံကြည်မှု ရှိရှိနဲ့ ပြင်ပြင်ဆင်ဆင်နေပြီး သူငယ်ချင်းတွေနဲ့ မကြာခဏ hang out လုပ်ပေးပါနော်။ အချစ်ရေးလည်း အဆင်ပြေလာပါလိမ့်မယ်။

ငွေရေးကြေးရေး
အသုံးထက် အဖြုံးများနေတဲ့ အတွက် ငွေကုန်ကြေးကျ များသလို ငွေထွက်ပြီးမှ နောင်တရနေတတ်ပါတယ်။ အဲ့ဒီအတွက် ငွေမသုံးခင် ဆင်ခြင်သင့်ပါတယ်။ အိမ်ခန်း decoration အတွက် ငွေကတော့ ခုအချိန် သုံးသင့်ပါတယ်။

ကျန်းမာရေး
ကျန်းမာရေး အတွက် ဘာမှ စိတ်ပူစရာမရှိပါဘူး။ Queen of Wands ဖဲချပ်ဟာ မျိုးအောင်ခြင်း၊ သန္ဓေရခြင်းကို ကိုယ်စားပြုတဲ့အတွက် သားသမီးယူဖို့ အစီအစဉ် ရှိရှိ၊ မရှိရှိ ကိုယ်ဝန်ရတတ်တဲ့အတွက် လောလောဆယ် သားသမီးမယူချင်သေးရင်တော့ ကြိုတင် ကာကွယ်ရမယ့် အနေအထားပါ။ ဒီဖဲချပ်ဟာ လုံလောက်တဲ့ အနားယူမှုမျိုး လိုအပ်နေပြီဆိုတာကို အချက်ပေးတဲ့ ဖဲချပ်လည်း ဖြစ်ပါတယ်။

--
ဒါကတော့ Queen of Wands ရဲ့ ဟောချက် အနက်အဓိပ္ပါယ် အကျဉ်းလေးပါ။ နောက်ပို့စ်ကတော့ ဒီ Queen of Wands ကိုပဲ ပြောင်းပြန် (Reversed) ကို တင်ဆက်ပေးသွားမှာပါ။ Golden Words Tarot ပေ့ချ်လေးကို like and share လုပ်ထားပေးဖို့ မမေ့ပါနဲ့နော်။

Minor Arcana ဖဲချပ်များအကြောင်း တစုတစည်းတည်း ဖတ်ရှုရန်
(https://www.facebook.com/pg/GoldenWordsTarot/photos/?tab=album&album_id=655250785257143&__tn__=-UC-R) ပုံတစ်ပုံချင်းစီ နှိပ်ပြီး ဖတ်ပါ။

Golden Words Tarot မှ တင်ဆက်ပြီး ပို့စ်များကို ရှာဖွေရန် မာတိကာ (https://www.facebook.com/GoldenWordsTarot/posts/286680298780862) တွင် ရှုပါ။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:

Post a Comment