Sunday, July 19, 2020

တူသယောင် နှင့် ကွဲပြားသော တားရော့ဖဲချပ်များ (Ace of Pentacles Vs Six of Pentacles)

(ဒီပို့စ်ဟာ တားရော့ပညာကို လေ့လာလိုက်စားနေသူများအတွက်သာ ရည်ရွယ် ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တားရော့ ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

တားရော့ဖဲချပ် အချို့ဟာ အနက် အဓိပ္ပါယ်အရ ခပ်ဆင်ဆင် တူလေ့ရှိပေမယ့် အနည်းငယ် ကွဲပြားလေ့ ရှိပါတယ်။ ဝါရင့် တားရော့ဆရာများအတွက် အထူးအထွေ ပြသနာ မရှိပေမယ့်လို့ Major Arcana ဖဲချပ်တွေကိုသာ အဓိကထား ကိုင်လေ့ရှိပြီး Minor Arcana ဖဲချပ်တွေနဲ့ မရင်းနှီးတဲ့ တားရော့သမားတွေ အတွက် Minor Arcana ဖဲချပ်များဟာ ဝေဝါးနေတတ်ပါတယ်။

ဒီပို့စ်မှာတော့ ဆင်တူဖဲချပ်လေးတွေ ဖြစ်တဲ့ Ace of Pentacles နဲ့ Six of Pentacles ကို လေ့လာကြည့်ကြရအောင်ပါ။

*** ACE of PENTACLES Vs. SIX of PENTACLES ***

🅰️ Ace of Pentacles ရော 6️⃣ Six of Pentacles ရော ဟာ ငွေ အဝင်ကို ပြတဲ့ ဖဲချပ်တွေ ဖြစ်ပါတယ်။ သို့ပေမယ့် ဘယ်နားမှာ ကွဲပြားနေတာလဲ ဆိုတာ သိသာစေဖို့ အောက်မှာ Scenario နှစ်ခု ဖော်ပြပေးလိုက်ပါတယ်။

** Scenario (1) **
မေး။ ။ ကျွန်တော် ငွေဝင်ဖို့ ရှိလား သိချင်ပါတယ်။
(တားရော့ဖဲချပ်များအား ချိုးခိုင်း/ရွေးခိုင်းရာ Ace of Pentacles ကျလာသည်။)
ဖြေ။ ။ ငွေဝင်ဖို့ ရှိပါတယ်။ မမျှော်လင့်ဘဲ ငွေ အစုလိုက် အပုံလိုက်ရတတ်တယ်။ ထီပေါက်ကိန်းရှိတယ်။ အမွေရကိန်း ရှိတယ်။

** Scenario (2) **
မေး။ ။ ကျွန်မ ငွေဝင်ဖို့ ရှိ၊မရှိ သိချင်လို့ပါ။
(တားရော့ဖဲချပ်များအား ချိုးခိုင်း/ရွေးခိုင်းရာ Six of Pentacles ကျလာသည်။)
ဖြေ။ ။ ငွေဝင်ပါလိမ့်မယ်။ သူတစ်ပါးဆီမှာ လက်လွန်ထားတဲ့ ငွေတွေ ပြန်ရဖို့ ရှိတယ်။ ဆုံးပြီထင်တဲ့ အကြွေးတွေ ပြန်ရပါလိမ့်မယ်။

++
ဒါဆိုရင်တော့ ဖဲချပ် နှစ်ချပ်ရဲ့ ခြားနားမှုတွေကို သိရှိသွားလိမ့်မယ် ထင်ပါတယ်။ ဒါက ဥပမာ အဖြစ်တင်ဆက်ထားတဲ့ ပုံစံဖြစ်လို့ နားလည် သဘောပေါက် လွယ်အောင် “ငွေဝင်မလား” ဆိုတဲ့ မေးခွန်းကိုသာ ရွေးချယ် ပြောပြထားတာပါ။

လုပ်ငန်းကိုင်ငန်း ကိစ္စ၊ အချစ်ရေး/အိမ်ထောင်ရေး၊ ပညာရေး၊ အိမ်တွင်းရေး မိသားစုကိစ္စ အစရှိတဲ့ မေးခွန်းတွေအတွက်လည်း မေးမြန်းတဲ့ ပုံစံအလိုက် ကွဲပြားမှုတွေ ရှိမှာပါ။ ဒါကို တားရော့ ဟောပြောတဲ့ အခါတိုင်း သတိပြုပေးပါ။

နောက်ထပ် ပို့စ်တွေမှာ တခြား ခပ်ဆင်ဆင် ဖဲချပ်တွေရဲ့ ကွာဟမှုတွေကို တင်ဆက်သွားမှာမို့လို့ Golden Words Tarot ပေ့ချ်လေးကို Like and Follow လုပ်ထားပေးပါဦးနော်။ တင်ပြီးသမျှပို့စ်တွေကို တစုတစည်းတည်း ဖတ်ရှုချင်တာပဲ ဖြစ်ဖြစ်၊ ဖတ်ချင်တဲ့ ပို့စ်ကို ရွေးချယ် ဖတ်ချင်တာပဲ ဖြစ်ဖြစ် ပေ့ချ်ရဲ့ pinned post ဖြစ်တဲ့ မာတိကာ (https://www.facebook.com/GoldenWordsTarot/posts/286680298780862) မှာ ဖတ်လို့ ရပါတယ်။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:

Post a Comment