ဒီပို့စ်ဟာ တားရော့နဲ့ ရာသီခွင်များ ဆက်နွယ်မှုကို စာရေးသူမှ မှတ်သားထားသမျှ ၀ေမျှခြင်းသာ ဖြစ်ပြီး ရာသီခွင်ဆိုင်ရာများကို စာရေးသူ အနေနဲ့ ကျွမ်းကျင်နှံ့စပ်ခြင်း မရှိပါဘူးလို့ ၀န်ခံထားပါရစေ။ သို့သော် တားရော့ကို လေ့လာနေတဲ့ ဦးတည်ချက်တူ မိတ်ဆွေများနှင့် မှတ်သားထားရသမျှ ၀ေမျှလိုတဲ့ အတွက် ရေးသားတင်ဆက်လိုက်ခြင်း ဖြစ်ပါတယ်။ ဖြည့်စွက်ဆွေးနွေးမှုများ comment box မှာ ပြုလုပ်နိုင်ပါတယ်။
(တားရော့ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)
(၁) မိဿရာသီဖွား (Aries)
မတ်လ ၂၁ ရက် မှ ဧပြီလ ၁၉ ရက်
မိဿရာသီဖွားများနဲ့ ဆက်နွယ်မှု ရှိတဲ့ Major တားရော့ဖဲချပ်ကတော့ The Emperor ဖြစ်ပြီး Minor ဖဲချပ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- King of Swords
- Knight of Swords
- Page of Wands
- Knight of Wands
- Queen of Wands
- 2 of Wands
- 3 of Wands
- 4 of Wands
Aries တွေဟာ Major ဖဲချပ် အားဖြင့် The Emperor ကို ကိုယ်စားပြုတာ ဖြစ်တဲ့အတွက် ရည်မှန်းချက် မြင့်မားခြင်းနဲ့ ဇွဲနပဲ ကြီးမားခြင်းတို့အတွက် အသိအမှတ် ပြုခံရတဲ့ ရာသီဖွားများ ဖြစ်ပါတယ်။ လူတွေ ရှိန်ထွက်သွားမယ့် ပါ၀ါတစ်မျိုး ပိုင်ဆိုင်ထားပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်များ ချမှတ်လေ့ ရှိပါတယ်။ The Emperor တစ်ဖြစ်လဲ Aries တွေဟာ တမူ ထူးခြားတဲ့ အတွေးအမြင်များ ပိုင်ဆိုင်ထားပေမယ့်လို့ ဧကရာဇ်မင်းတွေရဲ့ ထုံးစံအတိုင်း ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီး မိမိအကျိုးထက် အများအကျိုး ကြည့်ရတဲ့ အနေအထားပါ။
(၂) ပြိဿရာသီဖွား (Taurus)
ဧပြီလ ၂၀ ရက် မှ မေလ ၂၀ ရက်
ပြိဿရာသီဖွားများနဲ့ ဆက်နွယ်မှု ရှိတဲ့ Major တားရော့ဖဲချပ်ကတော့ The Hierophant ဖြစ်ပြီး Minor ဖဲချပ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- Page of Pentacles
- Knight of Pentacles
- Queen of Pentacles
- King of Pentacles
- 5 of Pentacles
- 6 of Pentacles
- 7 of Pentacles
Taurus တွေဟာ Major ဖဲချပ် အားဖြင့် The Hierophant ကို ကိုယ်စားပြုတာ ဖြစ်တဲ့အတွက် ဉာဏ်အမျှော်အမြင် ရှိမှု၊ ပညာရေး ထွန်းပေါက်မှူ နဲ့ ဉာဏဆိုင်ရာ စွမ်းပကားများကို ဖော်ညွှန်းခံရတဲ့ ရာသီဖွားများ ဖြစ်ပါတယ်။ သစ္စာတရားကို တန်ဖိုးထားတဲ့ ပြယုဂ်အဖြစ်လည်း တွေ့မြင်ရမှာ ဖြစ်ပြီး ဘာသာတရားကို အလေးထားတတ်သူများလည်း ဖြစ်ပါတယ်။ လေ့လာကျင့်ကြံမှုကို အားသာတတ်ပြီး စိတ်စွမ်းအင်၊ ယုံကြည်ရာ ဘာသာတရားနဲ့ လောကီပညာများမှာ စိတ်အားထက်သန်ပါတယ်။ ပညာရေးမှာလည်း ကြိုးစားရင် ကြိုးစားသလောက် ထွန်းပေါက်သူများလည်း ဖြစ်ပါတယ်။
Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:
Post a Comment