(ဒီပို့စ်ဟာ တားရော့ပညာကို လေ့လာလိုက်စားနေသူများအတွက်သာ ရည်ရွယ် ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တားရော့ ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)
တားရော့ ဖဲချပ်များကို လရောင်ထဲမှာ သန့်စင်လို့ ရသလို နေရောင်ထဲမှာလည်း သန့်စင်လို့ ရပါတယ်။
*** နေရောင်ဖြင့် သန့်စင်ခြင်း ***
နေမင်းရဲ့ အလင်းရောင်မှာ Positive ဓာတ်သဘောနဲ့ အလင်းဓာတ်ရောင်ခြည်တွေ ပါဝင်နေတဲ့ အတွက် တားရော့ကို သန့်စင်ဖို့ ကောင်းတဲ့ နည်းလမ်း တစ်ခု ပါပဲ။
နေသာတဲ့ နေ့တစ်နေ့မှာ နေရောင် ကောင်းကောင်းရနိုင်တဲ့ နေရာလေးမှာ တားရော့ဖဲချပ်တွေကို ဖြန့်ခင်းလိုက်ပါ။ လေတိုက်လို့ လွင့်သွားတာတို့ မဖြစ်အောင်တော့ သတိထားပါနော်။ မနက် နေထွက်ချိန်ကနေ ညနေ နေဝင်ချိန်ထိ တားရော့တွေကို နေပူ ပြထားပေးရပါမယ်။
ဒီနည်းဟာလည်း လွယ်ကူ ရိုးရှင်းတဲ့ သန့်စင်နည်းတစ်ခု ဖြစ်တာမို့ တားရော့ဆရာတွေ သဘောကျ နှစ်ခြိုက်လေ့ ရှိပါတယ်။
Admin ကတော့ ဒီနည်းလမ်းကို သိပ်သုံးလေ့ မရှိပါဘူး။ နေရောင် အရမ်းပြင်းရင် ဖဲချပ်တွေ အနားတွန့်သွားတာတို့၊ အနားကျိုးလိမ်သွားတာတို့ ဖြစ်လေ့ ရှိတာမို့လို့ပါ။
Disclaimer
++ ++ ++

No comments:
Post a Comment