(ဒီပို့စ်ဟာ တားရော့ပညာကို လေ့လာလိုက်စားနေသူများအတွက်သာ ရည်ရွယ် ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တားရော့ ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)
*** DEATH Vs. The TOWER ***
တားရော့မေးမြန်းသူ တော်တော်များများ အနေနဲ့ Death (Major Arcana No. 13) နဲ့ The Tower (Major Arcana No. 16) ဖဲချပ်တွေကို မကောင်းတဲ့ အတိတ်နိမိတ် ဆိုပြီး ကြောက်တတ်ကြပါတယ်။
Negative အငွေ့အသက်တွေပါနေပေမယ့် အမြဲတစေ ပုံသေကားချပ် မကောင်းဘူးလို့ ပြောလို့တော့ မရပါဘူး။ Yes or No မေးခွန်းတွေ အတွက်ကတော့ နှစ်ချပ်လုံး က “No” လို့ ညွှန်ပြနေပေမယ့် ဖဲချပ် နှစ်ချပ်လုံးဟာ မကောင်းတာတွေပြီးရင် ကောင်းမွန်တဲ့ အပြောင်းအလဲ တစ်ခုခုကို ပြနေတာ ဖြစ်ကြောင်းလည်း သိရမှာပါ။
(စကားချပ် - ဖဲချပ် တစ်ချပ်ချင်းစီရဲ့ အနက်အဓိပ္ပါယ်များကို သိချင်ရင်တော့ တားရော့ နဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာအုပ်များမှာ ရှာဖတ်လို့ ရပါတယ်။ Golden Words Tarot ပေ့ချ် အနေနဲ့လည်း ဖဲချပ် တစ်ချပ်ချင်းစီရဲ့ အနက်အဓိပ္ပါယ်နဲ့ တကွ ဟောချက်နမူနာ များကို တင်ပြပေးဖို့ ကြိုးစားပေးပါ့မယ်။)
ထုံးစံအတိုင်းပဲ ပိုမို လွယ်ကူအောင် အောက်က Scenario နှစ်ခု နဲ့ ယှဉ်ပြီး လေ့လာကြည့်ရအောင်နော်။
** Scenario (1) **
မေး။ ။ ကျွန်မ အလုပ်အကိုင် အဆင်ပြေမလား သိချင်ပါတယ်။
(တားရော့ဖဲချပ်များအား ချိုးခိုင်း/ရွေးခိုင်းရာ Death ကျလာသည်။)
ဖြေ။ ။ အခု အလုပ်က အဆင် မပြေနေဘူး။ အလုပ်ထွက်ရကိန်း ကြုံလာနိုင်တယ်။ အဲ့လို အလုပ်ထွက်ဖို့ကလည်း အခုမှ မဟုတ်ဘူး၊ ဟိုးအရင် အတော်ကြာကြာတည်းက အစီအစဉ်ရှိခဲ့တာပဲ။ စိတ်သစ်၊ လူသစ်၊ နဲ့ ကောင်းမွန်တဲ့ အလုပ်သစ် ရလာပါလိမ့်မယ်။
** Scenario (2) **
မေး။ ။ ကျွန်တော့် အလုပ်အကိုင် အဆင်ပြေမလား သိချင်ပါတယ်။
(တားရော့ဖဲချပ်များအား ချိုးခိုင်း/ရွေးခိုင်းရာ The Tower ကျလာသည်။)
ဖြေ။ ။ ရုတ်ခြည်း ဆိုသလို မမျှော်လင့်ဘဲ အလုပ်ထွက်လိုက်ရတာမျိုး ဖြစ်တတ်တယ်။ အလုပ်သစ်ကတော့ career လမ်းကြောင်း ကို တစ်ချိုးတစ်ဆစ် ပြောင်းလဲနိုင်တဲ့ အလုပ်မျိုး ရလာပါလိမ့်မယ်။
++
ဒါဆိုရင်တော့ Death ဖဲချပ်ဟာ အစတည်းက မျှော်လင့်ထားပြီးသား အပြောင်းအလဲ တစ်ခုကို ပြနေတာ ဖြစ်ပြီး The Tower ကတော့ လောကကြီးက ကိုယ့်ကို Surprised တိုက်သလိုမျိုး ဘာမှ ပြင်ဆင်ချိန်မရဘဲ ပြောင်းလဲရတော့မှာကို ပြနေတာ ဖြစ်တယ်လို့ ယေဘုယျ မှတ်ထားလို့ ရပါတယ်နော်။
အပေါ်က Scenario တွေဟာလည်း ဥပမာ သဘောနဲ့ ပြောပြထားတာ ဖြစ်တဲ့ အတွက် ကျန်တဲ့ အချစ်ရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ ပညာရေး အစရှိတဲ့ ကိစ္စရပ်များအတွက်လည်း အလားတူ ဟောပြောနိုင်ပါတယ်။
နောက်ထပ် ပို့စ်တွေမှာ ဘယ်လို ခပ်ဆင်ဆင် ဖဲချပ်တွေရဲ့ ကွာဟမှုတွေကို ပြောပြသွားမလဲ ဆိုတာ စောင့်မျှော်ဖတ်ရှုပေးပါနော်။ တင်ပြီးသမျှပို့စ်တွေကို တစုတစည်းတည်း ဖတ်ရှုချင်တာပဲ ဖြစ်ဖြစ်၊ ဖတ်ချင်တဲ့ ပို့စ်ကို ရွေးချယ် ဖတ်ချင်တာပဲ ဖြစ်ဖြစ် ပေ့ချ်ရဲ့ pinned post ဖြစ်တဲ့ မာတိကာ (https://www.facebook.com/GoldenWordsTarot/posts/286680298780862) မှာ ဖတ်လို့ ရပါတယ်နော်။
Disclaimer
++ ++ ++

No comments:
Post a Comment