တားရော့ကို စတင် လေ့လာလိုသူများအတွက် တားရော့ဖဲချပ်လေးတွေနဲ့ ပတ်သက်ပြီး အခြေခံ အချက်အလက်တွေကို အမေးအဖြေပုံစံလေးနဲ့ တင်ပြလိုက်ပါတယ်။
(ဒီ ပို့စ်က တားရော့ပညာကို စလုံးရေ စ လေ့လာလိုသူများ အတွက် ရည်ရွယ်ရေးထားတာမို့ တားရော့ကို တီးမိခေါက်မိ ရှိသူများ ကျော်သွားလိုက်ပါနော်။ ဒါ့အပြင် တားရော့ပညာကို မယုံကြည်သူများ အနေနဲ့လည်း ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)
မေး ၁။ တားရော့ဖဲချပ်တွေကို ဝယ်ပြီး မသုံးရဘူး၊ သူများ လက်ဆောင်ပေးတဲ့ ဖဲချပ်တွေနဲ့သာ အသုံးပြုပြီး ဟောရမယ် ဆိုတာ ဟုတ်ပါသလား။
ဖြေ။ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကို ဝယ်ယူထားတဲ့ ဖဲချပ်တွေကိုလည်း အသုံးပြုဟောနိုင်ပါတယ်။
မေး ၂။ တားရော့ဖဲချပ်တွေကို ဘယ်ကနေ ဝယ်ယူရပါမလဲ။
ဖြေ။ စူပါမားကတ်များ၊ စာအုပ်ဆိုင်များသာမက အခုအခါ အွန်လိုင်းပေ့ချ်များမှပါ ဝယ်ယူနိုင်ပါတယ်။
မေး ၃။ တားရော့ဖဲချပ်ကို ပုံစံအမျိုးမျိုး တွေ့ဖူးပါတယ်။ ဘယ်လိုပုံစံ ဖဲချပ်ကို ရွေးချယ်ရမှန်း မသိဖြစ်နေပါတယ်။
ဖြေ။ ဘယ်ဖဲချပ်အမျိုးအစားမှ မသုံးဖူးပဲ အခုမှ ဝယ်ယူ အသုံးပြုမှာ ဆိုရင်တော့ လေ့လာရ လွယ်ကူ ရှင်းလင်းတဲ့ Rider-Waite Tarot Deck ကို ဝယ်ယူစေချင်ပါတယ်။
မေး ၄။ တားရော့ဖဲချပ်တွေက ၂၂ ချပ်၊ ၇၈ ချပ် အစရှိသဖြင့် ပြောနေကြပါတယ်။ ဘယ်ဟာက အမှန်လဲ မသိဘူး။
ဖြေ ၄။ တားရော့ ၂၂ ချပ်က major arcana အဓိက ဖဲချပ်တွေဖြစ်ပြီး minor arcana သာမည ဖဲချပ်တွေ အနေနဲ့ တုတ်၊ခွက်၊ဓား၊ကြယ်ဒင်္ဂါး ၁၄ ချပ်စီ၊ ပေါင်း ၅၆ ချပ် ရှိပါတယ်။ ဆိုတော့ တားရော့ ၂၂ ချပ်က major arcana တွေကိုပဲ ပြောထားတာ ဖြစ်ပြီး တားရော့ ၇၈ ချပ်က both major & minor arcana ကို ပြောထားတာပါ။
မေး ၅။ တားရော့ကို ကတ္တီပါ အဝတ်စ နဲ့ ထုပ်သိမ်းရတယ် ဆိုတာ ဟုတ်ပါသလား။
ဖြေ။ ဟုတ်ပါတယ်။ ကတ္တီပါ အနက်၊ နက်ပြာ၊ အနီစများနဲ့ ထုပ်သိမ်းပြီး လေးထောင့်ကျကျ သစ်သားဘူး၊ သစ်သားသေတ္တာငယ်များနဲ့ ထည့်ထားနိုင်ပါတယ်။
မေး ၆။ တားရော့ဖဲချပ်တွေကို ဝယ်ပြီးတာနဲ့ တန်းသုံးလို့ ရပါပြီလား။
ဖြေ။ တားရော့တွေဟာ အသက်ရှိတဲ့ ကတ်ပြားတွေ ဖြစ်ပါတယ်။ အဲ့အတွက် သက်ရှိလူသားတွေလိုပဲ ရင်းနှီးမှု တည်ဆောက်ရပါတယ်။ ဖဲချပ်တွေကို တစ်ချပ်ချင်း နေ့တိုင်း အသေးစိပ် ကြည့်ရှုပြီး အချိန်ရသရွေ့ ကုလားဖန် ထိုးတာတို့ ပြုလုပ်ပေးရပါမယ်။ တစ်နေ့တစ်ခါ ရေမွှေးဖြန်းပေးတာတို့ ပြုလုပ်ပေးသင့်ပြီး ညအိပ်ရင် ခေါင်းအုံးအောက် ထားအိပ်ပေးရပါမယ်။
မေး ၇။ တားရော့တွေကို ဘယ်သူမှ ပေးမကိုင်ရဘူး ဆိုတာ မှန်ပါသလား။
ဖြေ။ မှန်ပါတယ်။ ကိုယ့် ကိုယ်ပိုင် တားရော့ကတ်တွေကို ဘယ်သူ့ကိုမှ ပေးမကိုင်သင့်ပါဘူး။ တားရော့ ဟောတဲ့ အခါမှာလည်း မေးတဲ့သူရဲ့ ဘယ်လက်နဲ့သာ ချိုးခိုင်းရမှာ ဖြစ်ပါတယ်။
Disclaimer
++ ++ ++

No comments:
Post a Comment