(ဒီ Album ပို့စ်တွေဟာ Minor Arcana တားရော့ဖဲချပ်တွေ အကြောင်းကို အခုမှ စတင် လေ့လာမယ့်သူတွေအတွက် ရည်ရွယ်ပြီး အခြေခံကျကျ ရေးသားထားတာမို့ Minor Arcana တားရော့ဖဲချပ်တွေကို အသုံးမပြုသူများ ကျော်သွားလိုက်ပါနော်။ ဒါ့အပြင် တားရော့ပညာကို မယုံကြည်သူများ အနေနဲ့လည်း ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)
++++++++ ++++++++ ++++++++
Page of Wands ဖဲချပ်ဟာ အတည့်ပဲ ဖြစ်ဖြစ်၊ ပြောင်းပြန်ပဲ ဖြစ်ဖြစ် မိမိထက် ငယ်ရွယ်တဲ့ အမျိုးသမီး တစ်ယောက်ကို ဖော်ပြနေပါတယ်။ Page of Wands (Reversed) ပြောင်းပြန် ဖဲချပ်ဟာ တွေဝေမှု၊ မပြတ်သားမှု တွေကို ဖော်ပြနေပြီး မိမိက သူတစ်ပါးကို အရေးကြီး ဆုံးဖြတ်ချက်တွေ ချဖို့ အကြံဉာဏ်တွေ ပေးရတတ်ပါတယ်။
ယေဘုယျ အဟော
Page of Wands (Reversed) ဖဲချပ်ဟာ မိမိ မကြားချင်တဲ့ သတင်းစကားများ ကြားရတတ်တဲ့ နိမိတ်ကို ဖော်ပြနေတဲ့ ဖဲချပ် ဖြစ်ပါတယ်။ မနှစ်သက်၊ မကြားချင်တဲ့ သတင်းဆိုတာ သတင်းဆိုး ဆိုတာမျိုးထက် မိမိ အဖြစ်မခံချင်တဲ့ အရာမျိုးလောက် ဖြစ်ပါတယ်။ တစ်ခါတရံမှာတော့ ဒီဖဲချပ်ဟာ အာရုံစူးစိုက်မှု နဲ့ ဆုံးဖြတ်ချက် ပြတ်သားဖို့ လိုအပ်နေပြီလို့ အချက်ပေးနေတတ်ပါတယ်။
အလုပ်အကိုင်
ဒီဖဲချပ်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက် မပြတ်သားမှုကြောင့် လုပ်ငန်းခွင်မှာ ပြသနာများ ရင်ဆိုင် ကြုံတွေ့ရတတ်ကြောင်း ဖော်ပြနေတဲ့ ဖဲချပ် ဖြစ်ပါတယ်။ ဒါ့အပြင် မိမိကိုယ်တိုင်လည်း ဆုံးဖြတ်ရခက်တဲ့ ကိစ္စများနဲ့ ကြုံတွေ့ရတတ်ပါတယ်။ အကယ်လို့ မိမိဟာ အလုပ်ရှာဖွေနေတဲ့သူ တစ်ယောက် ဖြစ်တယ် ဆိုရင်တော့ အလုပ်တစ်ခုတည်းကိုပဲ သည်းကြီးမည်းကြီး စောင့်မျှော်နေတာထက် အခြား အလားအလာရှိတဲ့ အလုပ်တွေကိုလည်း ခြေလှမ်းထားသင့်ပါတယ်။ အလုပ်ရဖို့လည်း ကြန့်ကြာတတ်ပါတယ်။
အချစ်ရေး
အချစ်ရေးအတွက်ဆိုရင်တော့ ဒီဖဲချပ်ဟာ ဆိုင်းမဆင့် ဗုံမဆင့် တွဲလိုက်တာထက် တစ်ယောက်အကြောင်း တစ်ယောက် ဖလှယ်ဖို့ အချိန်ပေးတာ၊ စကားပြောတာမျိုး လုပ်သင့်ပါတယ်။ စိတ်ဝင်စားတဲ့သူကို တွေ့နေပြီ ဆိုရင်လည်း ဖွင့်ပြောဖို့ကို နည်းနည်း အချိန်ယူသင့်သလို ချဉ်းကပ်တဲ့ သူ ရှိရင်လည်း အဖြေပေးဖို့ နည်းနည်း အချိန်ယူသင့်ပါတယ်။ အချစ်ကို ရှာဖွေဆဲ သူ ဆိုရင်တော့ မိမိ အကြည့်ချင်းဆုံမိတဲ့သူနဲ့ မပတ်သက်သင့်ကြောင်း သတိပေးသူ ရှိလာပါလိမ့်မယ်။ အတင်းအဖျင်းတွေ၊ ကောလဟလတွေဆိုတာ မယုံရပေမယ့်လို့ ဒီ Page of Wands ပြောင်းပြန်ဖဲချပ်ကတော့ အဲ့ဒီ မကောင်းသတင်း၊ ကောလဟလတွေကို လုံးဝလစ်လျူ မရှုဖို့ ပြောပြနေပါတယ်။
ငွေရေးကြေးရေး
ငွေကြေးစီးပွား တိုးတက်ပါမယ်။ ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီး တက်ကျွမ်းတဲ့သူတစ်ယောက် မိမိထံ ရောက်ရှိလာပြီး ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ပေးပါလိမ့်မယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး မျှော်လင့်မထားတဲ့ သတင်းကောင်းတွေ ကြားရတတ်ပါတယ်။ ငွေတွေဝင်လာရင်တော့ အလှူအတန်း ဒါနပြု ပေးပါ။ ဒါမှ ကုသိုလ်ဆက်မှာပါ။
ကျန်းမာရေး
ကျန်းမာရေးနဲ့ ပတ်သက်ပြီး မိမိကို ကူညီနိုင်၊ ကူညီချင်၊ ကူညီမယ့် ဆရာဝန်၊ သမားတော်၊ ကျန်းမာရေးဝန်ထမ်း၊ ကူဖော်လောင်ဖက် အစရှိသဖြင့် တစ်ယောက်ယောက် ရှိနေတတ်ပါတယ်။ ကိုယ့်ဟာကိုယ်ကိုးရမယ် ဆိုပေမယ့် ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်လုပ်ကိုင်တာမျိုး ရှောင်ကြဉ်ပါ။ တစ်နည်းအားဖြင့် မိမိကလည်း သူတစ်ပါးအပေါ် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေ ပေးရတတ်ပါတယ်။
ဒါကတော့ Page of Wands (Reversed) ရဲ့ ဟောချက် အနက်အဓိပ္ပါယ် အကျဉ်းလေးပါ။ နောက်ပို့စ်မှာတော့ Ace of Wands (Upright) အကြောင်း တင်ဆက်ပေးသွားမှာမို့ Golden Words Tarot ပေ့ချ်လေးကို like and share လုပ်ထားပေးဖို့ မမေ့ပါနဲ့နော်။
Minor Arcana ဖဲချပ်များအကြောင်း တစုတစည်းတည်း ဖတ်ရှုရန်
(https://www.facebook.com/pg/GoldenWordsTarot/photos/?tab=album&album_id=655250785257143&__tn__=-UC-R) ပုံတစ်ပုံချင်းစီ နှိပ်ပြီး ဖတ်ပါ။
Golden Words Tarot မှ တင်ဆက်ပြီး ပို့စ်များကို ရှာဖွေရန် မာတိကာ (https://www.facebook.com/GoldenWordsTarot/posts/286680298780862) တွင် ရှုပါ။
Disclaimer
++ ++ ++

No comments:
Post a Comment