ပြီးခဲ့တဲ့ ပို့စ်တွေမှာ မိဿ မှ ဗြိစ္ဆာ ရာသီဖွားများ အထိ ဆက်စပ်နေတဲ့ တားရော့ဖဲချပ်များအကြောင်း ဖော်ပြခဲ့ပြီး ဖြစ်တဲ့အတွက် ဒီတစ်ပတ် အလှည့်ကျတာကတော့ ဓနု နဲ့ မကာရ ရာသီနဲ့ ဆက်နွယ်နေတဲ့ ဖဲချပ်များအကြောင်းပဲ ဖြစ်ပါတယ်။
(တားရော့ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)
(၉) ဓနုရာသီဖွား (Sagittarius)
နိုဝင်ဘာလ ၂၂ ရက် မှ ဒီဇင်ဘာလ ၂၁ ရက်
ဓနုရာသီဖွားများနဲ့ ဆက်နွယ်မှု ရှိတဲ့ Major တားရော့ဖဲချပ်ကတော့ Temperance ဖြစ်ပြီး Minor ဖဲချပ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- Page of Wands
- Knight of Wands
- Queen of Wands
- King of Wands
- 8 of Wands
- 9 of Wands
- 10 of Wands
Sagittarius တွေဟာ Major ဖဲချပ် အားဖြင့် Temperance ကို ကိုယ်စားပြုပါတယ်။ Temperance ဖဲချပ်ရဲ့ သဘောသဘာဝ အတိုင်း Sagittarius တွေဟာ ဘယ်လို အခြေအနေမှာ မဆို လိုက်လျောညီထွေ နေတတ်သူတွေပါ။ ပေါင်းသင်းဆက်ဆံရေးမှာလည်း သူတို့ရဲ့ Adaptability ကြောင့် လူချစ်လူခင်များတဲ့ ရာသီဖွားတွေ ဖြစ်ပါတယ်။ လိုက်လျောညီထွေ ဖြစ်မှုနဲ့ အတူ ဘယ်အရာကို မဆို ယေဘုယျအားဖြင့် သိရှိကြပေမယ့် တစ်ခုခုကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်မှုကတော့ အားနည်းတတ်ပါတယ်။ Jack of all trades လို့ ပြောလို့ရမယ် ထင်ပါတယ်။
(၁၀) မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာလ ၂၂ ရက် မှ ဇန်နဝါရီလ ၁၉ ရက်
မကာရရာသီဖွားများနဲ့ ဆက်နွယ်မှု ရှိတဲ့ Major တားရော့ဖဲချပ်ကတော့ The Devil ဖြစ်ပြီး Minor ဖဲချပ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- Page of Pentacles
- Knight of Pentacles
- Queen of Pentacles
- King of Pentacles
- 2 of Pentacles
- 3 of Pentacles
- 4 of Pentacles
Capricorn တွေဟာ Major ဖဲချပ် အားဖြင့် The Devil ကို ကိုယ်စားပြုပါတယ်။ လောကီပညာရပ်များမှာ ပါရမီပါလာတဲ့သူတွေလို့လည်း ဆိုနိုင်ပါတယ်။ မြန်မာကားတွေထဲက စကားနဲ့ ပြောရရင် “လိုချင်တာရှိရင် မရ,ရအောင် ယူတတ်တဲ့ သူ” ရာသီဖွားတွေပါပဲ။ ရည်မှန်းချက်ပန်းတိုင် ရောက်ရမယ်ဆို လမ်းမှားကပဲ သွားရသွားရ သွားမယ့်သူတွေ ဖြစ်တဲ့အတွက် ဆင်ခြင်ဉာဏ်နဲ့ ကိုယ့်ကိုယ်ကို ပြန် ချွန်းအုပ်နေရတဲ့ အနေအထားပါ။
Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
No comments:
Post a Comment