Wednesday, October 13, 2021

တားရော့နှင့် ရာသီခွင်များ (၆)

ပြီးခဲ့တဲ့ ပို့စ်တွေမှာ မိဿ မှ မကာရ ရာသီဖွားများ အထိ ဆက်စပ်နေတဲ့ တားရော့ဖဲချပ်များအကြောင်း ဖော်ပြခဲ့ပြီး ဖြစ်တဲ့အတွက် ဒီတစ်ပတ်မှာတော့ ကုံနဲ့ မိန် ရာသီနဲ့ ဆက်နွယ်နေတဲ့ ဖဲချပ်များအကြောင်းပဲ ဖြစ်ပါတယ်။

(တားရော့ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။) 


(၁၁) ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ ၂၀ ရက် မှ ဖေဖော်ဝါရီလ ၁၈ ရက်


ကုံရာသီဖွားများနဲ့ ဆက်နွယ်မှု ရှိတဲ့ Major တားရော့ဖဲချပ်ကတော့ The Star ဖြစ်ပြီး Minor ဖဲချပ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • King of Swords
  • Page of Swords
  • Knight of Swords
  • Queen of Swords
  • 5 of Swords
  • 6 of Swords
  • 7 of Swords

Aquarius တွေဟာ Major ဖဲချပ် အားဖြင့် The Star ကို ကိုယ်စားပြုပါတယ်။ Aquarius တွေဟာ သူတစ်ဖက်သားကို ကူညီဖေးမတတ်သူတွေ ဖြစ်ပါတယ်။ သူမတူတဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပြီး ဦးနှောက်ကို အသုံးချရတာ ကြိုက်နှစ်သက်သူတွေပါပဲ။ အကွက်စေ့၊ ထောင့်စေ့ စဥ်းစားနိုင်သူတွေလည်း ဖြစ်ပါတယ်။ The Star လို့ ဆိုတဲ့အတိုင်း ကိုယ့်နယ်ပယ်မှာ Star ဖြစ်သူ ရာသီဖွားတွေပါ။


(၁၂) မိန် ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ ၁၉ ရက် မှ  မတ်လ ၂၀ ရက်


မိန်ရာသီဖွားများနဲ့ ဆက်နွယ်မှု ရှိတဲ့ Major တားရော့ဖဲချပ်ကတော့ The Moon ဖြစ်ပြီး Minor ဖဲချပ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Page of Cups
  • Knight of Cups
  • Queen of Cups
  • King of Cups
  • 8 of Cups
  • 9 of Cups
  • 10 of Cups

Pisces တွေဟာ Major ဖဲချပ် အားဖြင့် The Moon ကို ကိုယ်စားပြုပါတယ်။ လစန္ဒာဟာ ပင်လယ်ဒီရေကို ဆွဲခေါ်တတ်တာ ဖြစ်တဲ့အတွက် Pisces တွေဟာ စိတ်ခံစားချက်အသားပေး စဥ်းစားဆုံးဖြတ်တတ်ပါတယ်။ ဘာဖြစ်ဖြစ် ရင်ဘတ်ကြီးနဲ့ ခံစားတတ်ပြီး တအုံ့နွေးနွေး ဖြစ်နေတတ်သူတွေပါ။ ကိုယ့်စိတ်ထဲ ဘာတွေရှိတယ် ဆိုတာကို တခြားသူတွေကို ဖွင့်ဟ မပြောတတ်တဲ့ အပြင် စိတ်ထဲ ထင်ရင် ထင်တဲ့အတိုင်း ဖြစ်ဖြစ်နေတတ်တာကို အများဆုံး ကြုံတွေ့ရတတ်ပါတယ်။


Disclaimer

++ ++ ++

ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။



No comments:

Post a Comment