Tuesday, October 5, 2021

တားရော့နှင့် ရာသီခွင်များ (၄)

ပြီးခဲ့တဲ့ ပို့စ်တွေမှာ မိဿ မှ ကန် ရာသီဖွားများ အထိ ဆက်စပ်နေတဲ့ တားရော့ဖဲချပ်များအကြောင်း ရေးသားခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ တူနဲ့ ဗြိစ္ဆာရာသီဖွားများနဲ့ ဆက်နွယ်တဲ့ တားရော့ဖဲချပ်များကို လေ့လာကြည့်ရအောင်ပါ။

(တားရော့ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။) 


(၇) တူရာသီဖွား (Libra)

စက်တင်ဘာလ ၂၃ ရက် မှ အောက်တိုဘာလ ၂၂ ရက်


တူရာသီဖွားများနဲ့ ဆက်နွယ်မှု ရှိတဲ့ Major တားရော့ဖဲချပ်ကတော့ Justice ဖြစ်ပြီး Minor ဖဲချပ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Queen of Pentacles
  • King of Swords
  • Page of Swords
  • Knight of Swords
  • Queen of Swords
  • 2 of Swords
  • 3 of Swords
  • 4 of Swords


Libra တွေဟာ Major ဖဲချပ် အားဖြင့် Justice ကို ကိုယ်စားပြုပါတယ်။ Libra ရဲ့ သင်္ကေတ ချိန်ခွင်ဟာ Justice ဖဲချပ်ထဲက တရားသူကြီး ကိုင်ထားတဲ့ ချိန်ခွင်ဖြစ်နေပြီး တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ balance ညီမှုကို ဖော်ညွှန်းပါတယ်။ Libra တွေရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ မျှတမှန်ကန်ပြီး တရားသောဘက်ကပဲ အမြဲရပ်တည်မယ့် ရာသီဖွားတွေပါ။ ပတ်၀န်းကျင် အသိုင်းအ၀ိုင်းက ဘာတွေပဲ ပြောဆိုဝေဖန်နေပါစေ၊ အဆုံးသတ်မှာ တရားသော နည်းလမ်းကသာ အနိုင်ရစမြဲလို့ ခံယူချက် လက်ကိုင်ထားသူတွေလည်း ဖြစ်ကြပါတယ်။ ဒီ့အတွက်လည်း Libra တွေဟာ စာအုပ်ကြီးသမားလို့ အထင်ခံရလေ့ ရှိသူများပါ။


(၈) ဗြိစ္ဆာရာသီဖွား (Scorpio)

အောက်တိုဘာလ ၂၃ ရက် မှ  နိုဝင်ဘာလ ၂၁ ရက်


ဗြိစ္ဆာရာသီဖွားများနဲ့ ဆက်နွယ်မှု ရှိတဲ့ Major တားရော့ဖဲချပ်ကတော့ Death ဖြစ်ပြီး Minor ဖဲချပ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Page of Cups
  • Knight of Cups
  • Queen of Cups
  • King of Cups
  • 5 of Cups
  • 6 of Cups
  • 7 of Cups


Scorpio တွေဟာ Major ဖဲချပ် အားဖြင့် Death ကို ကိုယ်စားပြုပါတယ်။ Death ဖဲချပ်ဟာ သေခြင်းတရား ကို ညွှန်းဆိုနေတဲ့ ဖဲချပ်လို့တော့ လှေနံဓားထစ် ကောက်ချက်ချလို့ မရပါဘူး။ ဘဝရဲ့ အချိုးအကွေ့ ပြောင်းလဲမှုများ ကျရောက်တော့မှာကို ဖော်ပြတဲ့ ဖဲချပ်လည်း ဖြစ်ပါတယ်။ Scorpio တွေဟာ အပေါ်ယံကြည့် ဆုံးဖြတ်တတ်သူများ မဟုတ်တဲ့ အတွက် ပြဿနာ တခုခုနဲ့ ရင်ဆိုင်ကြုံတွေ့ရပြီ ဆိုရင် ပြဿနာရဲ့ အရင်းအမြစ်/ဇစ်မြစ်ကို သိရဖို့ ရေဆုံးမြေဆုံးထိ လိုက်ဖို့ ဝန်မလေးတတ်တဲ့ ရာသီဖွားတွေပါ။ ဘဝရဲ့ ဒဿနများကို လေးလေးနက်နက် အဖြေထုတ်တတ်သူများလည်း ဖြစ်ပါတယ်။ Scorpio တွေဟာ ဘယ်သူ့ကိုမဆို ခွဲခြားမှုမရှိ၊ တပြေးညီ ပြောဆိုဆက်ဆံတတ်တဲ့ ရာသီဖွားများ ဖြစ်ပါတယ်။


Disclaimer

++ ++ ++

ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။



No comments:

Post a Comment