Friday, October 1, 2021

တားရော့နှင့် ရာသီခွင်များ (၃)

ပြီးခဲ့တဲ့ ပို့စ်တွေမှာ မိဿ၊ ပြိဿ၊ မေထုန် နဲ့ ကရကဋ် ရာသီဖွားများရဲ့ ဆက်စပ်နေတဲ့ တားရော့ဖဲချပ်များအကြောင်း ပြောပြခဲ့ပြီးပါပြီ။ ဒီတစ်ပတ်မှာတော့ သိဟ်နဲ့ ကန် ရာသီဖွားများနဲ့ ဆက်နွယ်တဲ့ တားရော့ဖဲချပ်များကို တင်ဆက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

(တားရော့ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။) 


(၅) သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ ၂၃ ရက် မှ ဩဂုတ်လ ၂၂ ရက်


သိဟ်ရာသီဖွားများနဲ့ ဆက်နွယ်မှု ရှိတဲ့ Major တားရော့ဖဲချပ်ကတော့ Strength ဖြစ်ပြီး Minor ဖဲချပ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Page of Wands
  • Knight of Wands
  • Queen of Wands
  • King of Wands
  • 5 of Wands
  • 6 of Wands
  • 7 of Wands


Leo တွေဟာ Major ဖဲချပ် အားဖြင့် Strength ကို ကိုယ်စားပြုတဲ့အတွက် ညှို့ငင်ဆွဲဆောင် ဖမ်းစားနိုင်တဲ့ ရာသီခွင်ပိုင်ရှင်များ ဖြစ်ကြပါတယ်။ ထူးခြားမှုတစ်ခုကတော့ Leo ရဲ့ သင်္ကေတ ခြင်္သေ့ကို Strength ကားချပ်မှာ ထင်ထင်ရှားရှား တွေ့ရတာပါပဲ။ ဘယ်သူမဆို Leo တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ Leo တွေရဲ့ လွှမ်းမိုးမှုကို အနည်းနဲ့အများ ကြုံတွေ့ရပါလိမ့်မယ်။ ခွန်အားကြီးလှတဲ့ သားရဲခြင်္သေ့ကိုတောင် ချုပ်ကိုင်နိုင်တဲ့ ရာသီဖွားတွေမို့ အရာရာကို မိမိလိုသလို ပုံဖော်/ပုံသွင်းနိုင်တဲ့ သူတွေလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။


(၆) ကန်ရာသီဖွား (Virgo)

ဩဂုတ်လ ၂၃ ရက် မှ  စက်တင်ဘာလ ၂၂ ရက်


ကန်ရာသီဖွားများနဲ့ ဆက်နွယ်မှု ရှိတဲ့ Major တားရော့ဖဲချပ်ကတော့ The Hermit ဖြစ်ပြီး Minor ဖဲချပ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Queen of Swords
  • Page of Pentacles
  • Knight of Pentacles
  • Queen of Pentacles
  • King of Pentacles
  • 8 of Pentacles
  • 9 of Pentacles
  • 10 of Pentacles


Virgo တွေဟာ Major ဖဲချပ် အားဖြင့် The Hermit ကို ကိုယ်စားပြုပါတယ်။ ၀ိဉာဏ်ပိုင်းဆိုင်ရာ၊ စိတ်စွမ်းအင်နဲ့ လောကီပညာရပ်များကို အထူးတလည် စိတ်ပါ၀င်စားသူများ ဖြစ်ကြပြီး အဖျက်အနှောက်များကိုတောင် လစ်လျူရှုနိုင်စွမ်း ရှိသူများပါ။ ဆိုလိုတာကတော့ အတွင်းအဇ္ဈတ အတွက် အပေါ်ယံဗဟိဒ္ဓ ကို ခွါချ စွန့်လွှတ်နိုင်တဲ့ ရာသီဖွားများ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် ချထားပြီးရင် မပြင်တတ်သူတွေလည်း ဖြစ်တဲ့အတွက် အဓိဌာန် ခိုင်ခိုင်မာမာနဲ့ လောကီခရီး ပေါက်မြောက်နိုင်သူများလည်း ဖြစ်ပါတယ်။ 


Disclaimer

++ ++ ++

ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။



No comments:

Post a Comment