အရင်တစ်ပတ်က မိဿနဲ့ ပြိဿ ရာသီဖွားများရဲ့ ဆက်စပ်နေတဲ့ တားရော့ဖဲချပ်များအကြောင်း ပြောပြခဲ့ပြီးပါပြီ။ ဒီတစ်ပတ်မှာတော့ မေထုန်နဲ့ ကရကဋ် ရာသီဖွားများနဲ့ ဆက်နွယ်တဲ့ တားရော့ဖဲချပ်များကို တင်ပြသွားမှာ ဖြစ်ပါတယ်။
(တားရော့ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)
(၃) မေထုန်ရာသီဖွား (Gemini)
မေလ ၂၁ ရက် မှ ဇွန်လ ၂၀ ရက်
မေထုန်ရာသီဖွားများနဲ့ ဆက်နွယ်မှု ရှိတဲ့ Major တားရော့ဖဲချပ်ကတော့ The Lovers ဖြစ်ပြီး Minor ဖဲချပ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- Page of Swords
- Knight of Swords
- Queen of Swords
- King of Swords
- 8 of Swords
- 9 of Swords
- 10 of Swords
Gemini တွေဟာ Major ဖဲချပ် အားဖြင့် The Lovers ကို ကိုယ်စားပြုပါတယ်။ ကိုယ်ချင်းစာနာစိတ်နဲ့ လူတစ်ဖက်သားကို နားလည်ပေးနိုင်စွမ်း ရှိပြီး ဘယ်သူနဲ့မဆို ပြေပြေပြစ်ပြစ် ဆက်ဆံတတ်သူတွေလည်း ဖြစ်ပါတယ်။ The Lovers ဖဲချပ်ရဲ့ သဘောသဘာ၀ အတိုင်း မိမိကိုယ်ကို အနစ်နာခံကာ တစ်ပါးသူအတွက် ဖြည့်ဆည်းပေးတတ်ပြီး အချစ်ကို ကိုးကွယ်၊ အချစ်ရေး ဦးစားပေးတတ်သူများလည်း ဖြစ်တယ်လို့ ဆိုရမှာပါ။ The Lovers တဖြစ်လဲ Gemini တွေဟာ ချစ်တတ်တာ ၂ ယောက် မရှိတဲ့ အချစ်မျိုးနဲ့ ချစ်တတ်ကြပြီး Soulmate ကို တွေ့ရှိတတ်ကြပါတယ်။ ဒါ့အပြင် မိမိရဲ့ အတွင်းအဇ္ဈတကို ကိုယ်တိုင်နားလည် သဘောပေါက်တတ်ကြတဲ့ ရာသီဖွားများလည်း ဖြစ်ကြပါတယ်။
(၄) ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ ၂၁ ရက် မှ ဇူလိုင်လ ၂၂ ရက်
ကရကဋ်ရာသီဖွားများနဲ့ ဆက်နွယ်မှု ရှိတဲ့ Major တားရော့ဖဲချပ်ကတော့ The Chariot ဖြစ်ပြီး Minor ဖဲချပ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- Page of Cups
- Knight of Cups
- Queen of Cups
- King of Cups
- 2 of Cups
- 3 of Cups
- 4 of Cups
Cancer တွေဟာ Major ဖဲချပ် အားဖြင့် The Chariot ကို ကိုယ်စားပြုတာ ဖြစ်တဲ့အတွက် အပြောင်းအရွှေ့များနဲ့ နေသားကျရလောက်အောင် မကြာခဏ changes များနဲ့ ကြုံတွေ့ရတဲ့ ရာသီဖွားများပါ။ ဘယ်အရာမှ မမြဲတဲ့ လောကကြီးမှာ Cancer တွေဟာ လောကဓံ အမျိုးမျိုးနဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံရတာတောင် မဖြုံသွားတတ်တဲ့ ရာသီဖွားတွေပါပဲ။ ဘယ်အရာကိုမဆို မိမိအတွက် စိတ်ချရအောင် safe side ယူတတ်ကြတာလည်း Cancer တွေပဲ ဖြစ်ပါတယ်။ The Chariot ဖဲချပ်ပီပီ Cancer တွေဟာ အရာရာကို ဗျူဟာကျကျ စစ်မျက်နှာဖွင့်တတ်ကြပြီး အောင်ပွဲခံတတ်သူများလည်း ဖြစ်ပါတယ်။
Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:
Post a Comment