Sunday, July 19, 2020

တားရော့ ဖဲချပ်များအား ဘယ်အခါမှာ သန့်စင်ပေးရမလဲ?

(ဒီပို့စ်ဟာ တားရော့ပညာကို လေ့လာလိုက်စားနေသူများအတွက်သာ ရည်ရွယ် ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တားရော့ ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

တားရော့ဖဲချပ်တွေကို အသုံးမပြုခင် ရင်းနှီးမှုတည်ဆောက်တဲ့ အနေနဲ့ ဖဲချပ်တစ်ချပ်ချင်းစီ အဟောကို လေ့ကျင့်ပေးဖို့လိုသလို ဖဲချပ်ထုပ်ကို ခေါင်းအုံးအောက်မှာ ထားအိပ်ခြင်းဖြင့် တားရော့နဲ့ကိုယ့်ရဲ့ ဆက်နွယ်မှုကို မြှင့်တင်လို့ ရကြောင်း အရင်ပို့စ်တစ်ချို့မှာ ပြောခဲ့ပြီးပါပြီ။ ဒီပို့စ်မှာတော့ ဘယ်အချိန်မှာ တားရော့ ဖဲချပ်တွေကို သန့်စင်ဖို့ လိုအပ်ကြောင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ တားရော့တွေကို သန့်စင်ပေးဖို့ လိုအပ်ပါသလဲ။

အောက်မှာ ရေးထားတဲ့ အချက်တွေထဲက တစ်ခုခုနဲ့ ကိုက်ညီနေရင်တော့ တားရော့ ဖဲချပ်တွေကို မဖြစ်မနေ သန့်စင်ပေးရတော့မှာပါလို့ ဖြေပါရစေ။

(၁) တားရော့ ဟောပြောတာကြောင့် မဟုတ်ဘဲ မိမိဖဲချပ်ကို အခြားသူများက ကိုင်တွယ်ခြင်း၊

(၂) တားရော့ ဖဲချပ် အသစ် ဝယ်ယူခြင်း၊

(၃) တစ်ပတ်ရစ် (အခြားသူ သုံးစွဲပြီးသား) တားရော့ဖဲချပ်များ ဝယ်ယူခြင်း၊

(၄) မိမိရဲ့ တားရော့ ဟောပြောမှု အရည်အသွေးများ တစတစ ကျဆင်းနေခြင်း၊

(၅) တားရော့ ဟောပြောမှုမျာကို ကာလအတန်ကြာ မဟောပြောဘဲ ထားထားခြင်း၊

(၆) အနှုတ်လက္ခဏာ ဆောင်သော (မယုံကြည်သော၊ လိမ်ဆင်မေးခွန်းများမေးသော၊ ပညာစမ်းသော၊ ပညာခိုးယူရန်လာသော) မေးမြန်းသူများကို တားရော့ ဟောပြောမိခြင်း၊

(၇) တားရော့များမှ တိကျမှန်ကန်သော ဖဲချပ်များကို မညွှန်ပြခြင်း၊

(၈) ကြမ်းပြင် သို့မဟုတ် မသန့်စင်သော နေရာများသို့ တားရော့ဖဲချပ်များ မတော်တဆ ပြုတ်ကျခြင်း၊

(၉) တားရော့ဖဲချပ်များနှင့် ပကတိသက်သက် ဆက်နွယ်လိုခြင်း။

ကဲ…. ဒါဆိုရင်တော့ မိမိရဲ့ တားရော့ ဖဲချပ်များကို သန့်စင်ဖို့ လိုနေပြီလား ဆန်းစစ်လို့ လွယ်ကူသွားမယ် ထင်ပါတယ်။

နောက်လာမယ့် ပို့စ်များမှာတော့ တားရော့ဖဲချပ်တွေကို ဘယ်လို သန့်စင်ပေးရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး တင်ပြပေးသွားပါမယ်။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:

Post a Comment